မိုင်းဖြတ်မြို့၊ ​ဓာတ်​ပေါင်းစု​စေတီ​တော် အ​သောက​ကျောင်းတိုက်၌  ပထမအကြိမ်​မြောက်အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲကျင်းပ

မိုင်းဖြတ်    ​မေ    ၂၃

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် (ပထမ)အကြိမ်​မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည​နေ ၅ နာရီအချိန်ခန့်က ​ ဓာတ်​ပေါင်းစု​စေတီပရဝုဏ်အတွင်းရှိ အ​သောကကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ န​မောတဿ သုံးကြိမ်ကြိမ်ရွတ်ဆို ဘုရားကန်​တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့​နောက်မိုင်း​ယောင်းမြို့ ​ ​ထေရဝါဒဗုဒ္ဓသာသနာပြု​ကျောင်းလက်​ထောက်ဆရာ​တော် ဘဒ္ဒန္တသုနန္ဒက ​ရောင်ခြည်​တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်​တော်မူခဲ့ပြီးနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်းဆရာ​တော် ဦးနန္ဒောဘာသ(မဟာသဒ္ဒမ္မ ဇောတိကဓဇ) ထံမှ တရားနာပရိသတ်များက ငါးပါးသီလ ခံယူ​ဆောက်တည်ကြသည်။

ဆက်လက်၍ နမ့်ပန်​ကျောင်းဆရာ​တော် ဦး​​သောဘိတက ပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများ ပင့်ဖိတ်ခြင်းကိုလည်း​ကောင်း၊ နမ့်ပန်ဆရာ​တော် ဦးပညာသီရိက ပဋ္ဌာန်း​ဒေသနာ​တော် ရွတ်ဖတ်ပူ​ဇော်ရန် တိုက်တွန်း​နိုး​ဆော်လွှာ (ပဋ္ဌာန်းအမွှန်း)ကိုလည်း​ကောင်း ရွတ်ဖတ်ခဲ့ကြသည်။

ယင်း​နောက် သံဃာ​တော်အရှင်သူမြတ်များနှင့် တရားနာပရိတ်သတ်အ​ပေါင်းတို့က ပဋ္ဌာန်းပစ္စယု​ဒ္ဒေသ ပါဠိ​တော်များကို ရွတ်ဖတ်ခဲ့ကြပြီး​နောက် အလှည့်ကျ ဘဏကဆရာ​တော်က ပဋ္ဌာန်းတရား​တော်မြတ်ကို စတင်ရွတ်ဖတ်ပူ​ဇော်ခဲ့သည်။

(ပထမ)အကြိမ်​မြောက် ကျင်းပပြုလုပ်သည့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲကို ​မေလ ၂၂ ရက်​နေ့မှ ၂၅ ရက်​နေ့အထိ သုံးညတိုင်တိုင် ရွတ်ဖတ်ပူ​ဇော်သွားမည်ဖြစ်​ပြီး အဆိုပါ ဓာတ်​ပေါင်းစု​စေ​တီ​တော်၌ ကဆုန်လပြည့်​နေ့၊ ​မေလ ၂၅ ရက်​နေ့ ည​နေ ၃ နာရီ၌ ပင့်သံဃာ(၅၀)ပါးအား ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် ကဆုန်​ညောင်​ရေသွန်းပွဲကို စီစဥ်ကျင်းပပြုလုပ်သွားမည် ဖြစ်​ကြောင်း သိရသည်။

​သန်းထွန်း​အေး(ပြန်/ဆက်)