နတ်တလင်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရန်ကုန်ပြည်လမ်းဘေးရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ လုပ်ကိုင်ကြသည်။
သန့်ရှင်းရေးဆောင်ရွက်ခြင်းကို နတ်တလင်းမြို့နယ်အတွင်း လုံခြုံရေး တာဝန်ယူထားသော တပ်မတော်သားများ မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများက ကျောင်းဝင်းအတွင်းရှိ သစ်ကိုင်းခြောက်များ မြက်ပင်များ ချုံနွယ်ပင်များကို ရှင်းလင်း၍ မီးရှို့ခြင်း၊ စာသင်ခန်းများနှင့် ကျောင်းအိမ်သာများကို သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်