သတင်းများ

သံတွဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်
Jun 29,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အ​ထောက် အကူပြု ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက သံတွဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကျင်းပ
Jun 29,2021
မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မကွေးမူလတန်းကျောင်းခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးအောင်ချိန် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်မျိုးစုံ (၃၉၈၅၀) ပင်ကို စုပေါင်း စိုက်ပျိုးပြီးစီ 
Jun 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် သစ်ပင် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာသုံးထင်းစိုက်ခင်း ဧက(၃၀)၊ ရေဝေရေလဲ စိုက်ခင်း ဧက ၅၀ နှင့် အထူးစိမ်းစိုက်ခင်းများအတွက် သစ်မျိုးစုံစုစုပေါင်း (၃၉၈၅၀) ပင်ကို ဇွန်လ ၁၁ ရက်နေ့မှ စတင်စုပေါင်း စိုက်ပျိုးခဲ့ရာ ယနေ့တွင်သစ်ပင်မျိုးစုံစိုက်ပျိုး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 
ကျိုက်လတ်မြို့နယ်တွင် TSDP အရ ကျင်းပပြုလုပ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားကျင်းပ
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် TSDP အရ ကျင်းပပြုလုပ်သော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားကို ယနေ့ မနက် ၁၁ နာရီက ဖွံ့ဖြိုးအောင် ဖူဆယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jun 29,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဇာသပြင်အရှေ့ကျေးရွာ၊ စံဖရီးကျေးရွာ၊ မြိုင်ကလေး ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များကို Take Away ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်
Jun 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ပရဟိတအသင်းမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ဟောင်သရောခန်းမဆောက်လုပ် (၆၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး
Jun 29,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျတ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဟောင်သရောခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ(၆၀) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။