ရန်ကုန် မေ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် GEC ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သဘာပတိ ရန်ကုန်တောင်ပိုင်းခရိုင် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် ဒါရိုက်တာ အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေဦး၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ချောစုလှိုင်တို့က ရန်ကုန်တောင်ပိုင်းခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနား ကျင်းပရခြင်းနှင့် သမဝါယမဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြီး ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းသားစာရင်းစစ်၏ အစီရင်ခံစာများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကာ အသင်းသားကိုယ်စားလှယ်များထံမှ သဘောထားရယူခြင်းနှင့် အသင်း၏အဆောက်အဦးများ အသစ်တည်ဆောက်ခြင်းလုပ်ငန်းအား အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် သဘာပတိ ရန်ကုန်တောင်ပိုင်းခရိုင် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေဦးက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအပေါ် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်