အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

 

မန္တလေး မေ ၂၃

 

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက်(၁၅၉)၊ ၈၃လမ်း၊ ၂၅လမ်းနှင့်၂၆လမ်းကြား ရှိ မန်းစားသောက်ဆိုင်ဟောင်း၌ ယနေ့နံနက် ၃နာရီ၄၁မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင် (၅၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၂၀)ဦး စုစုပေါင်း(၁၇၀)ဦးတို့က အုပ်ချုပ်မှုယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁၀)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂၀)စီးတို့ဖြင့် မီးငြှိမ်းသတ်ကြရာ နံနက် ၄ နာရီ မိနစ်၂၀ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီးနံနက်၄ နာရီခွဲတွင် မီးအားလုံးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်မှာ စားသောက်ဆိုင်ဟောင်း၏ အောက်ထပ်ရှိ သုံးထပ်သားပေါ်တွင် LED လျှပ်စစ် ရောင်စုံမီးဖြင့် ဘုရားမီးထွန်းညှိပူဇော်ထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အဆိုပါမီးလောင်မှုကြောင့် အလျား (၃၀)ပေ၊ အနံ(၆၀)ပေ၊ RC(၂)ထပ်၊ ပျဉ်ခင်းအဆောက်အဦးတွင် ကြမ်းခင်းအနည်းငယ်နှင့် အတွင်းပစ္စည်းအနည်းငယ် မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ၁၂၀၀၀၀၀ ကျပ်ရှိကြောင်း၊ အဆိုပါမီးလောင်မှုကြောင့် လျှပ်စစ်မီးအား ပေါ့ဆစွာ သုံးစွဲသူ ပိုင်ရှင် စိုင်းစောခွန်မိုင်းအား အမှတ်(၅)မြို့မရဲစခန်းမှအမှုဖွင့်အရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)