ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းဖွင့်လှစ်နိုင်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျိုက်ဒုံ မေ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၂ရက်နေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့များ ၊ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာဆရာမများတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိ ကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 ကျိုက်ဒုံ