သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် မျိုးဆက်ပွားနှင့် သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်
May 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို)နှင့် IPPF Sprint စီမံချက်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မျိူးဆက်ပွားနှင့်သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့၊ နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြိုင်မြို့တွင် စာချစ်သူများ၏ (၅၁) ကြိမ်မြောက် စာဖတ်ဝိုင်းပြုလုပ်
May 22,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စာချစ်သူများ၏ (၅၁)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။
ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား မေလ (၂၄) ရက်နေ့မှ စတင်ပြီး ကျောင်းအပ် လက်ခံပေးသွားမည်
May 22,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား  ၂၀၂၁-၂၀၂၂ ပညာသင် နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မေလ (၂၄) ရက်နေ့မှ စတင်ကာ ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျေးသီးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ အခြေခံပညာကျောင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် (၇) နာရီခန့်က ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် Community centre တွင် “ပန်းခင်းစီမံချက်”အကြောင်း အသိပညာပေးဆွေးနွေးပွဲ     Talk Show ပြုလုပ်
May 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပန်းခင်းစီမံချက် အကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk show ကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်ခဲ့ပါ သည်။
ကော့သောင်းခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
May 22,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူများ အသိပညာတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြင့် တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ စာဖတ်ခြင်းဖြင့်ကြီးမြင့်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်
May 22,2021
ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။