တောင်ဥက္ကလာပမြို့နယ်တွင် မျိုးဆက်ပွားနှင့် သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်

တောင်ဥက္ကလာပ မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို)နှင့် IPPF Sprint စီမံချက်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မျိူးဆက်ပွားနှင့်သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့၊ နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

တိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ကျော်သူလမ်းတွင် နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များအား စမ်းသပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးပေးခြင်း အစရှိသော မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် သားဆက်ခြား နည်းလမ်း များအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဖြန့်ဝေခြင်း စသည့် သားဆက်ခြားကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို)၊ IPPF Sprint ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့်အသင်းပိုင် သားဖွားဆရာမတို့မှ ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း