မရမ်းကုန်းမြို့နယ် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာကြည့်တိုက် မှတ်ပုံတင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မရမ်းကုန်း မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာကြည့်တိုက် မှတ်ပုံတင်လက်မှတ် ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဌဦးထင်ကျော်မိုးက စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရန်အချက်များ ဆွေးနွေးခြင်း၊ အဖွဲ့ဝင်ဦးဇော်ဝင်းက အမှတ် () ရပ်ကွက်ရှိစာကြည့်တိုက်အား စံညီစာကြည့်တိုက်အဖြစ်မှတ်ပုံတင်နိုင်ရေး လုပ်ဆောင်ရမည့်အချက်များ ဆွေးနွေး ခြင်းနှင့် အတွင်းရေးမှူးဒေါ်အေးအေးအောင်မှ မြို့နယ်အတွင်းရှိပြည်သူများ စာပေကို မိမိတို့ ရပ်ကွက် အတွင်း လွယ်ကူစွာဖတ်ရှု့နိုင်စေရေး၊ စာပေဗဟုသုတများရရှိစေရေးအတွက် စာကြည့်တိုက်များ တိုးပွား လာစေရေး အချက်များဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်ရရှိသည့် ရည်ညွှန်းစာကြည့်တိုက်အတွက် စာကြည့်တိုက်မှတ် ပုံတင် လက်မှတ်အား စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်အေးအေးအောင်က ပေးအပ်ရာ ရည်ညွှန်းစာကြည့်တိုက်အတွင်း ရေးမှူးမှ လက်ခံခဲ့ကြောင်းသိရသည်။

မြို့နယ်