ဘားအံ မေ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပန်းခင်းစီမံချက် အကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk show ကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်ခဲ့ပါ သည်။
ဆွေးနွေးပွဲ Talk Show တွင်ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံခရိုင် ဦးစီးမှူး ဦးအောင်ဝင်းက ပန်းခင်းစီမံချက် ဖြစ်ပေါ်လာပုံနှင့်ပန်းခင်းစီမံချက် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဘားအံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်က ဘားအံမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ကို မေလ ၃ ရက်နေ့တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စုလူဦးရေးစာရင်း ထုတ်ပေးခြင်းနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးအနေဖြင့် ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲ Talk show များကို ပြည်သူလူထု အသိပညာဗဟုသုတ ရရှိစေရန်အတွက် Covid-19 စည်းကမ်းချက်များနှင့်အညီ Online မှတဆင့် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်