ကျေးသီးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျေးသီး         မေ          ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ အခြေခံပညာကျောင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် (၇) နာရီခန့်က ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ဇွန် ၁ ရက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ပညာရေးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများက ကျောင်းဝန်းများအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ဆောင် အတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပြင်ဆင်ဆောင်ရွက် မှုလုပ်ငန်းများ၊ ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကို အသီးသီး ဆောင်ရွက်ပေးကြသည်။

ကျေးသီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်