သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ နှင့် ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 21,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အလမ်းဆိုင်ရာ ကော်မတီ နှင့် ခရိုင်အမျိုး သမီး ကော် မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အုတ်ဖိုမြို့တွင် (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည်
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဝါဆိုဦးကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မိုင်းယုမြို့၌ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်း
May 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသမိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများကို သင်္ကြန်မိုးကျပြီးနောက် စတင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ မိုးဦးစိုက်အစေ့ထုတ်ပြောင်းများ အောင်မြင် ဖြစ်ထွန်းနေ၍ ဈေးကောင်းထပ်မံရရှိရန် တောင်သူတို့ မျှော်လင့်နေလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အ​ခြေခံပညာ​ကျောင်းများ ဖွင့်လှစ်နိုင်​ရေး တွေ့ဆုံ​ ဆွေး​နွေး ပွဲပြုလုပ်
May 21,2021
မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်အတွင်း၊၂၀၂၁-၂၀၂၂ခုပညာသင်နှစ် အ​ခြေခံပညာ​ကျောင်းများအားလုံး ဖွင့်လှစ်နိုင်​ရေးအတွက်၊​ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ​ဆရာ/ဆရာမများ​တွေ့ဆုံ​ဆွေး​နွေးပွဲကို ယနေ့နံနက်၉နာရီခွဲ အချိန်ခန့်က သံဖြူဇရပ်မြို့အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းပညာ့ဗိမာန်ခန်းမ၌ကျင်းပသည်။
ပန်းတနော်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေး ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက လာရောက် ကွင်းဆင်းစစ်ဆေး
May 21,2021
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက ပန်းတနော်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးရေး ပန်းခင်းစီမံချက်ဆောင်ရွက်ပေးနေမှု အခြေအနေအား ယနေ့ နံနက် ၁၀ နာရီက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဂွမြို့ နယ်၌ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် မီးသတိပေးဆော်ဩခြင်းများဆောင်ရွက်
May 21,2021
ဂွမြို့နယ် မီးသတ်ဦးစီးမှူး၏ ကွပ်ကဲမှုလက်အောက်ရှိ ဂွမြို့နယ်မီးသတ်စခန်း၊ ကျိန္တလီနယ်မြေ မီးသတ်စခန်းနှင့် ဆပ်သွားအရန်မီးသတ်စခန်းများရှိတပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေး အတွက် မီးသတိပေးဆော်ဩခြင်းများကို ယမန်နေ့ ညနေ ၅နာရီအချိန်က သက်ဆိုင်ရာ နယ်မြေများတွင် လှည့်လည် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ပင်စင်လစာငွေများပုံမှန်ထုတ်ပေး လျက်ရှိ
May 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၃၃) အုပ်စု တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား( ၈၃၂ )ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား)များ၏ မေလအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇နာရီမှ စတင်၍ ငဖဲမြို့မြန်မာ့စီးပွားရေးဘဏ်၌ ရုံးဝန်းအတွင်းလုံခြုံရေး ဆောင်ရွက်ထားရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများပုံမှန်အတိုင်းထုတ်ပေး
May 21,2021
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားဝန်ထမ်းများ၏ ပင်စင်လစာများအား ယနေ့နံနက်၈နာရီမှစတင်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွန် ချက်များနှင့်အညီပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။