မြိုင် မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စာချစ်သူများ၏ (၅၁)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြိုင်မြို့နယ်မှ စာပေချစ်သူများတက်ရောက်ခဲ့ကြပြီး ဦးတင်ရန်က ‘မြန်မာစာအသုံး၊ မြန်မာစာပေအသုံးပြုမှု၊ သင်ကြားမှု၊ သုံးနှုန်းမှုအခြေအနေများ၊ ဦးတင့်ဝေကဆရာ မြသန်းတင်၏ ဘုရားသခင်ထံပေးစာများ နှင့် ဦးရွှေလေးက တဂိုး၏ အဆိပ်သူခိုး စသည့် ကဗျာ၊ စာပေများမှ အတွေးရသများ၊ သိမှတ်ဖွယ်ရာများကို မျှဝေခဲ့ကြသည်။ မြိုင်မြို့နယ် စာပေချစ်သူများ၏ (၅၁)ကြိမ်မြောက် စာဖတ်ဝိုင်းအား ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်အညီ ပြုလုပ်ခဲ့ပြီး (၅၂) ကြိမ်မြောက် စားဖတ်ဝိုင်းကို ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရ(ပုံတောင်)