သတင်းများ

ရမည်းသင်းခရိုင်၌ စာဖတ်ဝိုင်းကျင်းပ
Jun 25,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်တွင် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်အားစာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွှေကျင်မြို့နယ်တွင် (၂၀၂၁) ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဖလား (Physical Fitness Dance (EIM) ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် (၂၀၂၁) ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ရွှေကျင်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌဖလား (Physical Fitness Dance (EIM)ပြိုင်ပွဲ နှင့် ဆုပေးပွဲကို အ-ထ-က(ရွှေကျင်) ကျောင်း ပညာရတနာခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် Covid -19 Positive လူနာ (၇)ဦး ထပ်မံတွေ့ရှိ၊ ၄ လအရွယ်ကလေးငယ်တစ်ဦးပါဝင်
Jun 25,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် Covid-19 ရောဂါဖြင့် ဆေးကုသမှု ခံယူလျက်ရှိသော လူနာနှစ်ဦးနှင့် ဆက်စပ်လျက်ရှိသူများ၊မိသားစုဝင်များကို Test Kit ဖြင့် စစ်ဆေးရာ Covid-19 ရောဂါပိုး လူနာ(၇)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး စာဖတ်ဝိုင်းကျင်းပ
Jun 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက ပုဇွန်တောင်မြို့နယ် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ်ကျင်းပသော "မူးယစ်ဆေးဝါးအန္တရာယ်" အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိ လိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အတွင်းသို့ လိုက်လံကြေညာပေးလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲဆုချီးမြှင့်
Jun 25,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ဆောင်ရွက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်း သား/သူများအား ဆုပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၁-ခုနှစ် ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးခရိုင် စုပေါင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
မိတ္ထီလာမြို့ အမြန်လမ်းမကြီး သီးကုန်း ၂၈၅ မိုင်ယာဉ်ရပ်နားစခန်းတွင် ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်မည်
Jun 25,2021
မိတ္ထီလာမြို့ အမြန်လမ်းမကြီး သီးကုန်း ၂၈၅ မိုင် ယာဉ်ရပ်နားစခန်းတွင် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး    ကြိုတင်ပြင်ဆင် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးထံက သိရသည်။