သတင်းများ

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်
May 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ မေလ(၁၈)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
May 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၁၀ နာရီက ကျတီကျေးရွာအုပ်စုသို့ သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေး ကျွန်းစုမြို့၌ ကျင်းပ
May 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်း ညှိုနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ် သုံးဆယ်မြို့ အောင်မင်္ဂလာကွက်သစ်(၁)နှင့်(၂) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီး
May 21,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မေသက်နွယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သာာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဘုရားကြီးလမ်းရပ်ကွက်၊ အောင်မင်္ဂလာကွက်သစ်(၁)လမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၄၃၅ ပေ၊ အကျယ် ၁၀ ပေ ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၈.၆၁၃) သန်း၊ အရှေ့သပြေကုန်းရပ်ကွက်၊အောင်မင်္ဂလာကွက်သစ်လမ်း(၂)၊အရှည် ၃၆၅ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၇.၂၂၇)သန်း၊ စုစုပေါင်းကုန်ကျငွေကျပ် ၁၅.၈၄ သန်းဖြစ်ပြီး ရာခိုင်နူန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်တွေ့ဆုံ
May 21,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများတွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ပညာရေး မှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
May 21,2021
ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၁၅:၃၀)နာရီအချိန်က ပဲခူးမြို့ဟံသာဝတီယူနိုက်တက် အားကစားကွင်း ကျင်းပပြုလုပ်သည်။
အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စာငှား၊စာဖတ် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ဆောင်ရွက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား  နေစဥ်ကာလ အတွင်း ခေတ္တ ပိတ်ထား ခဲ့ရာယခုအခါ နေ့စဥ်စာငှားနေသည့်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့် အညီအစိုးရရုံး ပိတ်ရက်မှအပ အပတ်စဥ် နံနက် ၉ နာရီခွဲ အချိန်မှ ညနေ ၄ နာရီခွဲ အချိန်ထိ ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
May 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြည်သူများ အသိပညာတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ပြုလုပ်ကျင်းပခဲ့သည်။