သတင်းများ

ကော့သောင်းခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
May 22,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူများ အသိပညာတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြင့် တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ စာဖတ်ခြင်းဖြင့်ကြီးမြင့်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်
May 22,2021
ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပလောက်မြို့အတွင်း အခြေခံပညာကျောင်းများအား မေလ (၂၄) ရက်နေ့မှ စတင်ပြီးကျောင်းအပ် လက်ခံပေး သွားမည်
May 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့၌ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ
May 22,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  လုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများ၏ အဆိုပြုချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများ အားလူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်
May 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အမှတ်(၁)ရပ်ကွက် အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို  ယမန်နေ့ နံနက် (၁၀) နာရီခွဲ က  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် အမြိုင်းအင်း(သုတေသနအင်း)ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်
May 22,2021
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊လူတော်စု ကျေးရွာအုပ်စု၊ အမြိုင်း‌ ကျေးရွာအတွင်းရှိအမြိုင်းအင်း (သုတေသနအင်း)အား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ‌ ဆောင်ရွက်ခြင်းကို ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူးဦးတင့်လွင် ဦး‌ဆောင်သော မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပူတာအို၌ ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့် ရှင်းရေးပြုလုပ်
May 22,2021
 မိုးရာသီကာလရောက်ရှိလာပြီဖြစ်သောကြောင့် ခြင်၊ ယင်၊ မြွေ အန္တရာယ်မှ ကင်းဝေးနိုင်ရေး၊ သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်
May 22,2021
အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။