အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

ရန်ကုန်  မေ ၂၂

အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် အ.ထ.က (၂) ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းအတွင်း၊ အပြင်သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊  စာသင်ခန်းများ ပြင်ဆင်ခြင်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

စန္ဒာမိုး