ပူတာအို၌ ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့် ရှင်းရေးပြုလုပ်

 မိုးရာသီကာလရောက်ရှိလာပြီဖြစ်သောကြောင့် ခြင်၊ ယင်၊ မြွေ အန္တရာယ်မှ ကင်းဝေးနိုင်ရေး၊ သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ခရိုင်/မြို့နယ်ဌာနဆိုင် ရာများ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် ပူးပေါင်းကာ ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း /အပြင်ရှိ ချုံ နွယ် ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံ လူနာဆောင်ပြင်ပအား သန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)