ပလောက်မြို့အတွင်း အခြေခံပညာကျောင်းများအား မေလ (၂၄) ရက်နေ့မှ စတင်ပြီးကျောင်းအပ် လက်ခံပေး သွားမည်

ပလောက်  မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပလောက်မြို့အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ လာမည့် မေ(၂၄)ရက်နေ့မှစတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို  သက်ဆိုင်ရာ ကျောင်း အလိုက် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face   Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးမှာဖြစ်ကြောင်း သိရှိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံ ပညာကျောင်း များကို ဖွင့်လှစ်သွားမည်​​ဖြစ်ကြောင်း သိရှိရသည်။

နှင်းမြူလွင်