မြောက်ဦး မေ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများ၏ အဆိုပြုချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများ၏ အဆိုပြုချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ရေးမှူး ဦးကောင်းမြတ်နိုင် တက်ရောက်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများ၏ အဆိုပြုချက်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်းစိန်က သက်ဆိုင်ရာဌာနများ အနေဖြင့် မိမိတို့၏ဌာနအလိုက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများ၏ အဆိုပြုချက်များအားစနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန်တို့အား ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များမှ မြို့နယ် စီမံကိန်းဦးစီးမှူးများမှလည်း မိမိတို့မြို့နယ်အလိုက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း၊ လုပ်ငန်းများ၏ အဆိုပြုချက်များအား ရှင်းလင်း ဆွေးနွေးညှီနှိုင်းခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ် စီမံကိန်းဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း