သတင်းများ

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
May 22,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ သောက်သုံးရေ အခက်ခဲကြုံတွေ့ နေသော အထက်မြတ်လှဲကျေးရွာ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ ယနေ့ နံနက်(၁၁)နာရီက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ပုဏ္ဏားကျွန်း)မှ သောက်သုံးရေ လီတာ(၆၀၀၀)ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဝေါမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှု စစ်ဆေး
May 22,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ်အတွင်း‌‌ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များအတွက် ပြည်နယ်သင်တန်းသား ရွေးချယ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
May 22,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့အတွက် ကချင်ပြည်နယ်သင်တန်းသား ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်(၁)ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး ငြိမ်းချမ်းရေးအဖွဲ့အစည်းများအား ဆန်အိတ်များ ထောက်ပံ့
May 22,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ(၂)၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ငြိမ်းချမ်းရေးအဖွဲ့အစည်းများဖြစ်သော ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA- PC) တို့ထံပေးအပ်သည့် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
May 22,2021
ငါးသယံဇာတပေါကြွယ်ဝပြီး ငါးရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဘန့်ဘွေးကုန်းဆည်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
May 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စာအုပ်စာစောင်​​ ချစ်မြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 22,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ၂၀၂၁−၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းများ ပူးပေါင်း၍ အခြေခံပညာကျောင်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ညောင်လေးပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ
May 22,2021
ပဲခူးတိုင်းဒေသကြီး       ညောင်လေးပင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့်   အိမ်ထောင်စု  လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဆောင်ရွက်ပေးရန် မေလပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။