လယ်ဝေးမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ ပြန်လည်ဖွင့်လှစ်
May 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ရာ ယခုအခါ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်စေရန်အတွက် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များအညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။