သတင်းများ

လယ်ဝေးမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ ပြန်လည်ဖွင့်လှစ်
May 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ရာ ယခုအခါ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်စေရန်အတွက် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များအညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
မန္တလေးမြို့တွင် သမဝါယမလုပ်ငန်းများအကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
May 22,2021
သမဝါယမလုပ်ငန်းများအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ရှိ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီစးဌာနရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ က ကျင်းပပြုလုပ်သည်။
ထီးချိုင့်မြို့နယ်တွင် နွေစပါး (မနောသုခ)စံကွက် ဝ.၁ဝဧက ရိတ်သိမ်းရာ စပါးအစိုထွက် ၁၄၅ တင်းထွက်ရှိ
May 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းနှင့် စိုက်ပညာရှင် ဝန်ထမ်းများမှ နွေစပါး မနောသုခစိုက်ကွင်းအား စံကွက်ရိတ်သိမ်းခြင်း ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မရသိမ်ကျေးရွာအုပ်စု၊ ဝါးဘိုးချောင်းကျေးရွာ တောင်သူ ဦး‌ကျော်၏ လယ်ကွက်တွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
လင်းခေးတွင် မီးပွိုင့်ဖွင့်ပွဲကျင်းပ
May 22,2021
လင်းခေး မေ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း ၊လင်းခေးခရိုင် လင်းခေးမြို့ ပြည်ထောင်စုလမ်းမကြီးနှင့် သီတာ(၃)လမ်းဆုံ၌ မီးပွိုင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက အဆိုပါလမ်းဆုံရှိ မီးပွိုင့်တပ်ဆင်ထားသည့်နေရာ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ
May 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်‌ငွေ တိုးပွားစေရန် ရည်ရွယ်လျက် ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် ပေးခဲ့သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ (၄/၂၀၂၁)ကို ယမန်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အသေးစား စက်မှုလက်မှုရုံး၌ ကျင်းပသည်။
ကံမမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေး
May 22,2021
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမ များ တက်ရောက်ခဲ့ကြသည်။
ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းနှင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းများ ဆောင်ရွက်
May 22,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းနှင့် လူစည်ကားရာ နေရာများတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေး မြေစိုက်ပိုစတာ စိုက်ထူဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။