ထီးချိုင့် မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းနှင့် စိုက်ပညာရှင် ဝန်ထမ်းများမှ နွေစပါး မနောသုခစိုက်ကွင်းအား စံကွက်ရိတ်သိမ်းခြင်း ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မရသိမ်ကျေးရွာအုပ်စု၊ ဝါးဘိုးချောင်းကျေးရွာ တောင်သူ ဦးကျော်၏ လယ်ကွက်တွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မရသိမ်ကျေးရွာအုပ်စု၊ ဝါးဘိုးချောင်းကျေးရွာ ကွင်းအမှတ်(၈၇၆)၊ တောင်သူဦးကျော်၏ ပျိုးအမည်မနောသုခ (၃)ဧက၌ (၆၆' x ၆၆')ပေ ပတ်လည် စံကွက်ရိတ်သိမ်းခဲ့ရာ (ဝ.၁ဝ)ဧက ထွက်နှုန်း အစိုထွက် (၁၄၅)တင်း ထွက်ရှိခဲ့သည်။
စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းမှ နွေစပါးသီးနှံ ကိုယ်စားပြု စံအထွက်နှုန်းအား သိရှိနိုင်ရန်၊ သီးနှံစိုက်စနစ်အလိုက် အထွက်နှုန်း သိရှိနိုင်ရန်နှင့် နွေစပါးသီးနှံ အထွက်တိုးရေး၊ အထွက်နှုန်း မိတ်ဖက်များ၏ အရေးပါမှုကို တောင်သူများ သိရှိ နားလည်စေရန် ရည်ရွယ်၍ ယခုလို စံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ရခြင်းခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ နွေစပါးစိုက်ကွက်များအတွင်း နည်းပညာ အကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများ ရယူနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)