မန္တလေးမြို့တွင် သမဝါယမလုပ်ငန်းများအကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

 

မန္တလေး မေ ၂၂

 

သမဝါယမလုပ်ငန်းများအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ရှိ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီစးဌာနရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ က ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသက်နှင့် ဦးစီးအရာရှိ ဒေါ်လှိုင်းလှိုင်းအိ တို့က သမဝါယမလုပ်ငန်း အကြောင်း သိကောင်းစရာများအား ဆွေးနွေးပြောကြားရာ တက်ရောက်လာသူများ မှ သိရှိလိုသည် များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သမဝါယမဦးစီးဌာနများမှ ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

သန်းဇော်မင်း