ပြင်ဉီးလွင်မြို့တွင် ၂၀၂၁ခုနှစ် ချန်ပီယံ ဖူဆယ်ဘောလုံးကွင်း ဖွင့်ပွဲကျင်းပ
May 20,2021
၂၀၂၁ ခုနှစ်၊ ချန်ပီယံ ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)၊ မိုးကြိုးစံပြရပ်ကွက်၊ သိမ်အင်းဘုရားအနီး၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြပြီး ချန်ပီယံ ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။