ကံမ မေ ၂၂
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမ များ တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးတင်မျိုးလတ် နှင့်အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်ဦးတို့က ကျောင်းများဖွင့်လှစ်ရာတွင် စီမံဆောင်ရွက်ထားရှိရမည့် လုပ်ငန်းစဉ်များ၊ ပညာသင် ကျောင်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ဆောင်ရွက်ရမည့် လုံခြုံရေး အစီအမံများအား ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးက မီးဘေးလုံခြုံရေး အတွက် ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ကျောင်းများဖွင့်လှစ်ရာ၌ အခြေခံပညာကျောင်းများနှင့် ဆရာ ဆရာမများ၊ ကျောင်းသာ ကျောင်းသူများ အတွက်လိုအပ်သည့် တင်ပြတောင်းခံမှုများအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်က ကျောင်းဖွင့်ရာသီအမီ ဆောင်ရွက်ထား ရှိသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးတင်မျိုးလတ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဇေယျဝင်း(ကံမ)