ဖြူးမြို့နယ်ထန်းကုန်း ကျေးရွာအတွင်းမြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းပြီးစီး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမဲခေါင်ကျေးရွာ အုပ်စု၊ ထန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုး ငွေနှင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ယနေ့နံနက် ၁:၀၀နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရ ပါသည်။