သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
May 19,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိ ပညာပေး နှိုးဆော်ခြင်းကို မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များ အတွင်း လုပ်ဆောင် ခဲ့ကြ သည်။
ပန်းတောင်းမြို့ နယ် ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စာငှား၊ စာဖတ် ဝန်ဆောင်မှုများ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အပတ်စဉ် နံနက် ၁၀ နာရီ အချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
သာယာဝတီခရိုင် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 19,2021
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာယာဝတီခရိုင် ပြည်သူ့စာကြည့်တိုက်အားခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းလာသည့်အတွက်ပြည်သူများစာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိ စေရန်ရည်ရွယ်၍     ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ ခွဲအချိန် အထိပြည်သူ များစာပေလေ့လာဖတ်ရှု နိုင်ရန်စာကြည့်တိုက်အား ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရ သည်။
အင်းစိန်မြို့နယ်၌ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
May 19,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ခရိုင်အတွင်းရှိ ကလေးသူငယ်နှင့် ပတ်သက်သည့် အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ ရရှိခံစားနိုင်စေရန်၊ကလေးသူငယ်များနှင့် ပတ်သက်သည့် အခက် အခဲများအား အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ခရိုင်အဆင့် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာ ရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ပန်းခင်းစီမံချက်အကြောင်း အသိ ပညာပေး ဆွေးနွေးပွဲကျင်းပ
May 19,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန တို့ ပူး ပေါင်း၍ ပန်းခင်းစီမံချက်အကြောင်းသိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ယင်းမာပင်မြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် စံပြကွက်အကျိုးဆောင် တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေး အပ်ခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ် နည်းသင်တန်းပေး
May 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် စံပြကွက်အကျိုးဆောင် တောင်သူ များအား မျိုးစေ့များထောက်ပံ့ ပေးအပ်ခြင်းနှင့် တောင်သူပညာပေး သဘာဝ မြေဩဇာပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ ၊ Community Centre တွင် Book Club အသင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
May 19,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်မြတ်နိုးသူများ အသင်းပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။