မုံးကိုးမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စာအုပ်၊ စာပေများ ဖတ်ရှုနိုင်ရန်အတွက် “ပညာအလင်း” စာကြည့်တိုက်ဖွင့်လှစ်
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပညာသင်ယူနေကြသည့် ကျောင်းသား/သူများ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် စာအုပ်၊ စာပေဖတ်ရှုလိုသော ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စာအုပ်၊ စာပေကောင်းများ လွယ်ကူ ချောမွေ့စွာ ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် “ပညာအလင်း” စာကြည့်တိုက်ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့် က ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မုံးကိုးမြို့၊ အခြေခံပညာအထက်ကျောင်း၌ ဖွင့်လှစ်သည်။