သတင်းများ

ထီးလင်းမြို့ မြို့မ စည်ပင်သာယာဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများ စစ်ဆေး
Jan 20,2021
ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရေး တို့အတွက် မကွေး တိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မ စည်ပင်သာဈေးအတွင်း စားသုံးရန် မသင့်သော အစားအသောက်များ ရောင်းချမှု မရှိစေရေး ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကံမမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ရှင်းလင်း အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Jan 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ရွေးချယ်နိုင်ရန်အတွက် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း အသိပညာပေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် အဖွဲ့များမှ ရပ်ကွက် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ပန်းတောင်းမြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းစံပြကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ
Jan 20,2021
ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်‌နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းစံပြကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပန်တောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေးဆွေးနွေး ပွဲပြုလုပ်
Jan 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်နှင့် ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏ ရာထူးသက်တမ်းသည် ၂၀၂၁ခုနှစ် ၊ မတ်လ(၃၁) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဧပြီလ(၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ရွေးချယ်တာဝန်ပေးနိုင်ရန် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ ၊ နည်းဥပဒေ များ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီခွဲ အချိန်က ပြည်ခြားကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ် မောတောင်မြို့၌ မီးဘေးသင့်နေအိမ်မိသားစုအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်
Jan 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့၊ မြို့မရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်း တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်၂နာရီအချိန်က ဝါယာကြိုးရှော့ဖြစ်ရာမှ မီးဘေးသင့်ခဲ့သည့် ဦးဘိုဘိုအောင်(ဘ)ဦးအောင်မင်း၊ ဈေးရောင်းနေသော အလျား(၂၀)ပေ၊ အကျယ်(၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာပျဉ်ခင်းနှစ်ထပ်နေအိမ်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့က ထောက်ပံ့ငွေနှင့်တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲအချိန်က အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးကြောင်း သိရှိရ သည်။
တနင်္သာရီ၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာသစ် အမျိုးသားတစ်ဦးထပ်မံတွေ့ရှိ
Jan 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ မြို့နယ်ခန်းမ Quarantine Centre အတွင်း Facility Quarantine စောင့်ကြပ်ထားရှိသူ (၉)ဦးအနက် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း ယမန်နေ့ မွန်းလွှဲပိုင်းက RDT- Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစမ်းသပ်စစ်ဆေးစဉ် ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်း ဖွင့်လှစ်
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းမှုသင်တန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကောလင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "ဖျာ၊တောင်း" ရက်လုပ်ခြင်း သင်တန်းဆင်းပွဲပြုလုပ်
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ယွန်းအိုးကျေးရွာအုပ်စု ယွန်းအိုး ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် တစ်နိုင်တစ်ပိုင် မှသည် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်ကာ မိသားစုများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "ဖျာ၊တောင်း" ရက်လုပ်ခြင်းသင်တန်းကို ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။