သာယာဝတီ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျွဲသတ်အုပ်စု၊ အင်းရွာ ကျေးရွာ တောင်သူ ဦးမျိုးမြင့်၏ ကွင်းအမှတ် (၁၂၅၃) တွင် ယနေ့ နံနက် ၈ နာရီက နွေစပါး မျိုးစေ့ထုတ်ကွက် ဆင်းသုခ (RS-CS) (၁၀)ဧက စိုက်ပျိုးမှု အား ကွင်းဆင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။
ပြောင်းလဲလာသော ရာသီဥတုကို အခြေခံ၍ တောင်သူများမှလည်း စိုက်နည်းစနစ်၊ ဒေသနှင့်ကိုက်ညီ မည့် မျိုးကောင်း၊ မျိုးသန့် စပါးများကို ပြောင်းလဲသုံးစွဲပြီး ဂေဟစနစ်ကို ထိခိုက်မှုနည်းသည့် သဘာဝ မြေဩဇာနှင့် ဘက်စုံပိုးမွှား ကာကွယ် နှိမ်နှင်း နည်းလမ်း များကို တွဲဘက်ကျင့်သုံးစေပြီး စိုက်ပျိုးနည်း စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရ သည်။
သရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်း၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)