နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးတွင် စားသုံးရန်မသင့်သော အစားအသောက် အမှတ် တံဆိပ်များ ဈေးကွက်လက်ကျန် မရှိစေရေး ကွင်းဆင်းစစ်ဆေး

နတ်မောက်   ဇန်နဝါရီ  ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်များ  ဈေးကွက်လက်ကျန်မရှိစေရေး ယမန်နေ့နံနက် (၁၁) နာရီအချိန် ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ မြို့နယ် စည်ပင် သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စားသုံးရန် မသင့်သော  အစားအသောက်အမှတ်တံဆိပ်များနှင့် ပတ်သက်၍  “ လွင်လွင်”  အမှတ်တံဆိပ်ပါ  (ယိုစုံ)တွင် (Sodium  Cyclamate) သတ်မှတ်ထားသော ပမာဏကျော်လွန်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိမှုအရ အဆိုပါ “လွင်လွင်” အမှတ်တံဆိပ်ပါ ယိုစုံအား ဈေးကွက်လက်ကျန်မရှိစေရေး မုန့်မျိုး စုံရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သင်းသင်း‌ဝေ (နတ်မောက်)