ဝက်လက် ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာတွင်၊ ခရမ်းသီး ပင်များ စိုက်ပျိုးကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
ခရမ်းသီးပင်ကို စတင်စိုက်ပျိုးတော့မည်ဆိုလျှင် နယုန်လတွင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလတွင် စတင်စိုက်ပျိုးရကြောင်း သိရသည်။ မြေ ၁ ဧကတွင် အပင် ၈၀၀ ကျော်အထိ စိုက်ပျိုးနိုင်ကြောင်း၊ အပင်ကို ရေပေးခြင်း၊ ပိုသတ်ဆေးဖျန်းပေးခြင်းကို ပြုလုပ်းပေးရကြောင်း ၁ ဧကစိုက်လျှင် အလုပ်သမားခအပါအဝင် စုစုပေါင်းကုန်ကျငွေကျပ် နှစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။
ခရမ်းပင်စိုက်ပြီး ၃ လ အကြာတွင် အသီးကိုစတင် ခူးဆွတ်ရောင်းချရပြီး တစ်ရက်ခြား တစ်ခါခူးဆွတ်ပါက ပိသာ ၁၀၀ ခန့် ရရှိကြောင်း ၊ ယခင်က ၁ ပိသာကို ၈၀၀ ကျပ် ထိရောင်းချခဲ့ရပြီး ၊ယခုအချိန်တွင် ၆၀၀ ကျပ်သာ ရောင်းချရသဖြင့် ပုံမှန်ဝင်ငွေ ၆၀၀၀၀ ကျပ်ထိ ရရှိကြောင် မိသားစု စားဝတ်နေရေး အဆင်အပြေသည့်အပြင် အပိုဝင်ငွေ ရရှိကြောင်း ကျောက်တိုင်ကျေးရွာမှ ခရမ်းသီး စိုက်တောင်သူ ဦးကျော်နိုင် ၏ ပြောကြားချက်အရ သိရရှိပါသည်။
စိုးစိုးလှိုင် (ဝက်လက်)