မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်နိုင်ရေး Mask Campaign ပြုလုပ်

မန့်ဟီးရိုး     ဇန်နဝါရီ     ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် Mask campaign ကို ယနေ့ နံနက် (၉)နာရီ အချိန်က မန့်ဟီးရိုးမြို့ ဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့မဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပ ထွက်ခွာပါက မဖြစ်မနေ Mask တပ်ဆင် သွားလာရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်းနှင့် ဝန်ထမ်းများမှ နှာခေါင်းစည်း (Mask) ခုရေ(၁၅၀)အား ဈေးနေ့ လူစည်ကားချိန်တွင် Mask တပ်ဆင်မလာသူများနှင့် ဈေးရောင်းချနေသူများအတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)