သတင်းများ

ကျေးသီးမြို့တွင် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ခင်မွန်နည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ဆောင်းသီးနှံ စိုက်ခင်း များကို မျိုးစေ့အရည်အသွေး ကောင်းစေရန် နည်းပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ဆောင်းသီးနှံစိုက်ခင်းများကို မျိုးစေ့အရည်အသွေး ကောင်းစေရန် နည်းပညာပေးခြင်းကို ယမန်​​နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လိပ်သိုမြို့၌ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ“(၂၀၁၈-၂၀၃၀) ခုနှစ်အတွင်း ခွေးရူးရောဂါကင်းစင်ပပျောက်ရေး ” ရည်မှန်းချက် အတွက် ရပ်ကွက်/ကျေးရွာများရှိ အိမ်မွေးခွေးများကို ယနေ့ နံနက်ပိုင်းက ခွေးရူးရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင် ခြင်း ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်
Jan 20,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်း စည်း တပ်ဆင်ခြင်း ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါသီးနှံ (၇၉၃၄၆) ဧက စိုက်ပျိုးထား
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဝါစိုက်ပျိုးရာသီ၌ ခရိုင်(၅)ခုတွင် စစ်မှု ကုန်ကြမ်းသီးနှံမျိုးဖြစ်သော ဝါ (၇၉၃၄၆) ဧကကို စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် သိန်းပေါင်း (၆၆၀)ကျော်လှူဒါန်း
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် မူဆယ် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ သိန်းပေါင်း (၆၆၂)သိန်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က မူဆယ်ခရိုင်၊ ခရိုင်/မြို့နယ် စုပေါင်းအစည်းအဝေးခန်းမ၌ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ကျင်းပသည်။
အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jan 20,2021
ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။