ကံမ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ရွေးချယ်နိုင်ရန်အတွက် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း အသိပညာပေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် အဖွဲ့များမှ ရပ်ကွက် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့က လိန်တုန်းကျေးရွာ၊ ပြောင်ကျကျေးရွာ၊ သစ်မယ်ဇီ ကျေးရွာ၊ ဇီးတောကျေးရွာနှင့် စပယ်ခြုံ ကျေးရွာတို့၌ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေအား ချပြရှင်း လင်းပြီး ပြည်သူများအဆိုပြုသော ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးပါဝင်သည့်အဖွဲ့အား ဖွဲ့စည်းနိုင်ရေး အတွက် အသိပညာပေး ရှင်းလင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)