ပန်းတောင်းမြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းစံပြကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၂၀

ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်‌နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းစံပြကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပန်တောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ ပဲခူးတိုင်းဒေသ ကြီး ပန်းတောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်နှင့် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ခရိုင် ဦးစီးမှူး၊ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသိန်းထိုက်ဦးတို့မှ တက်ရောက်၍ အဖွင့်အမှာစကားများ ပြောကြားပြီး မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်မှ တက်ရောက်လာသော မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ရေး ကော်မတီ ဝင်များ၊‌ ကျေးရွာ(၂၀)မှ မြစိမ်းရောင် ကျေးရွာစီမံကိန်း ကော်မတီဝင်များအား အခမ်းအနားပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး စီမံကိန်း‌ ဆောင်ရွက် ထားရှိမှု အပေါ် အားနည်းချက်၊အားသာချက်များအား အပြန်အလှန် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်ဦးစီးမှုးနှင့် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များမှ စီမံကိန်းစံပြကျေးရွာ ရွေးချယ်ခြင်းအား အမှတ်ပေးစည်းမျဉ်များနှင့်အညီ ရွေးချယ် ဆောင်ရွက်ခဲ့ပြီး မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်မှ ဆုရရှိသော နတ်မောက်ကျေးရွာအုပ်စု သီးကုန်းကျေးရွာအား စီမံကိန်းစံပြကျေးရွာဆု ပေးအပ်ခဲ့ပြီး သီးကုန်း ကျေးရွာ မြစိမ်း ရောင်ကျေးရွာ စီမံကိန်းကော်မတီဥက္ကဋ္ဌမှ ဆုအား လက်ခံရယူခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)