ပလောက်မြို့တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေးဆွေးနွေး ပွဲပြုလုပ်

ပလောက်   ဇန်နဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်နှင့် ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏ ရာထူးသက်တမ်းသည်  ၂၀၂၁ခုနှစ် ၊ မတ်လ(၃၁) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဧပြီလ(၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ရွေးချယ်တာဝန်ပေးနိုင်ရန် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ ၊ နည်းဥပဒေ များ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီခွဲ အချိန်က ပြည်ခြားကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကင်းရှိန် ကအမှာ စကားပြောကြားပြီး ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေများအကြောင်း တို့ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစရေန် အတွက် ရှင်းလင်းပြောကြားပေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည့် အချက်များ ကိုမေးမြန်း ခဲ့ကြောင်း သိရှိရသည်။

နှင်းမြူလွင် (ပလောက်-ပြန်ဆက်)