ထီးလင်းမြို့ မြို့မ စည်ပင်သာယာဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများ စစ်ဆေး

ထီးလင်း   ဇန်နဝါရီ   ၂၀

ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရေး တို့အတွက် မကွေး တိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မ စည်ပင်သာဈေးအတွင်း စားသုံးရန် မသင့်သော အစားအသောက်များ ရောင်းချမှု မရှိစေရေး ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ စားသုံးသူရေးရာဦးစီးဌာန ထီးလင်းမြို့နယ်တာဝန်ခံ ဒေါ်အိသဲအောင် နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာန တို့မှ တာဝန်ရှိသူများက ပူးပေါင်းပြီး ထီးလင်းမြို့ မြို့မ စည်ပင်သာယာဈေး အတွင်း စားသုံးရန် မသင့်သော အစားအသောက် အမှတ်တံဆိပ်များနှင့်ပတ်သက်၍ “လွင်လွင်”အမှတ်တံဆိပ်ပါ(ယိုစုံ)အား ရောင်းချမှု မရှိစေရေး ပညာပေး စည်းရုံးဆောင်ရွက်ခဲ့ကြကာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)