ကောလင်း ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ယွန်းအိုးကျေးရွာအုပ်စု ယွန်းအိုး ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် တစ်နိုင်တစ်ပိုင် မှသည် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်ကာ မိသားစုများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "ဖျာ၊တောင်း" ရက်လုပ်ခြင်းသင်တန်းကို ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့်ဝန်ထမ်းများ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံများ တက်ရောက်ပြီး သင်တန်းသား/သင်တန်းသူ ၂၀ ဦးအား တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)