တနင်္သာရီမြို့နယ် မောတောင်မြို့၌ မီးဘေးသင့်နေအိမ်မိသားစုအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

တနင်္သာရီ ဇန်နဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့၊ မြို့မရပ်ကွက်၊ ပြည်ထောင်စု(၁)လမ်း တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်၂နာရီအချိန်က ဝါယာကြိုးရှော့ဖြစ်ရာမှ မီးဘေးသင့်ခဲ့သည့် ဦးဘိုဘိုအောင်(ဘ)ဦးအောင်မင်း၊ ဈေးရောင်းနေသော အလျား(၂၀)ပေ၊ အကျယ်(၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာပျဉ်ခင်းနှစ်ထပ်နေအိမ်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့က ထောက်ပံ့ငွေနှင့်တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွှဲ  ၁ နာရီခွဲအချိန်က အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးကြောင်း သိရှိရ သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်တို့က လိုက်ပါလျက် အားပေးစကားပြောကြားပြီး

အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၂သိန်း)ကျပ်၊ မိသားစုဝင်(၄)ဦးအတွက် (၁)ပတ်စာ ဆန်ဖိုးငွေ (၈၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး ကိုလည်းကောင်း၊ အလားတူ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အိမ်ဆောက် ပစ္စည်းများ မီးဘေးသင့်မိသားစုထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)