မော်လမြိုင်ကျွန်းမြို့နယ်တွင်ကိုဗစ်-၁၉ အတည်ပြုလူနာ(၉)ဦး ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းခွင့်ရရှိ

မော်လမြိုင်ကျွန်း  ဇန်နဝါရီ ၁၈

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နေ့လည် ၂ နာရီ အချိန်ကမြို့နယ်တိုင်းရင်း​ဆေးရုံ(ယာယီဆေးရုံ) မှ အတည်ပြု ပိုးတွေ့လူနာ(၉)ဦးသည် ဆေးကုသမှု့ခံယူပြီး(၁၁)ရက်ပြည့်မြောက်သဖြင့်ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းခွင့် ရရှိပါသည်။

 မြို့နယ်တွင်ယနေ့အချိန်အထိ                ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသည့် အတည် ပြုလူနာ     (၅၀၉)ဦး  ၊ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူ စုစု  ပေါင်း ( ၄၉၈ )         ဦးရှိပြီဖြစ်ပြီး    ကုတင်      (၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်ဆေးရုံ တို့တွင်ဆေးကုသ မှု့ခံယူဆဲ ( ၇)ဦးသာ ကျန်ရှိပြီး   ရောဂါအခံရှိသူ(၄)ဦးသေဆုံးခဲ့ ကြောင်းသိရှိရသည်။

 မြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့်       ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးဆက်မှုမပြန့်ပွားစေရန်အတွက်   မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင်လည်းည ၁‌၂ နာရီမှ နံနက်၄နာရီအထိ အပြင်မထွက်ရန်၊ ပြည်သူများအနေနှင့် မလိုအပ်ပဲအပြင်မထွက်ရန်၊ အပြင်ထွက်ကmaskတပ်ရန် လူစုလူဝေး ရှောင်ရှားရန် နေ့စဉ် လှည့်လည်ကြေညာခြင်း ၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျှက်ရှိသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီများ၊ မြို့မိ၊ မြို့ဖများ၊အခြားလူမှုရေး အသင်းအဖွဲ့များမှလည် အရေးပေါ်ကိစ္စရပ်များရှိပါက အပတ်စဉ်အစည်းအဝေးများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်တွင် ရောဂါပိုးကူးစက်ပျံ့နှံ့မှုလျော့ချစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိပါကြောင်း သိရသည်။

 သီတာအောင်(ပြန်/ဆက်)