ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်မြေသားလမ်းအား ဂဝံခင်းကျင်းနေမှုနှင့် Box Culvert တည်ဆောက်မှုအားကွင်းဆင်းစစ်ဆေး

ခရမ်း ဇန်နဝါရီ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းအား ဂဝံခင်း ကျင်းနေမှုများကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါကုန်ထုတ်လမ်းမှာ ခရမ်းမြို့နယ်  ကျုံတူးကျေးရွာ၏ ဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြင့်မြတ်ဥမ္မာကုမ္ပဏီမှအရှည်ပေ(၄၀၀၀)အား အကျယ် ၁၂ ပေ ထု ၉ လက်မ ဖြင့် ဂဝံလမ်း ခင်းကျင်း ခြင်းနှင့် (၂၀×၆×၆ ) ပေရှိ Box Culvert တည်ဆောက်နေမှုများဖြစ်ပြီး၊ ကုန်ထုတ်လမ်းပြီးစီးပါက ဒေသဆက်သွယ်ရေးနှင့် ဒေသ ထွက်ကုန်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်လုပ် ရောင်းချနိုင်မည်ဖြစ်ပြီး ဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက် မှုများ ရရှိလာမှာ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်နေမှုများကို ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး လမ်းညွှန်မှာကြား ပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)