နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ်(၈)ဦး ထပ်မံတွေ့ရှိ

နတ်တလင်း ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း စောင့်ကြည့်ရေးစင်တာ အသီးသီးမှ ပြည်တွင်း၊ ပြည်ပပြန်များ အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရောဂါပိုးရှိ၊ မရှိကို RDT ဖြင့်(၅၀)ဦး၊ PCR ဖြင့် (၁၃၁)ဦးအား ဆေးစစ်ဌာနအသီးသီး၌ ဆေးစစ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

စောင့်ကြည့်ရေးစင်တာ(၇) ခုမှစောင့်ကြည့်ခံလူနာ (၁၈၁)ဦးအား ဆေးစစ်ရာ ပိုးတွေ့လူနာသစ်(၈)ဦး ထမ်မံတွေ့ရှိ သည်။ ပိုးတွေ့ လူနာ(၈)ဦးအား ပရဟိတ္တလူမှုကူညီရေးအဖွဲ့ ကားများဖြင့် နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆက်လက်ကုသပေးသွားမည် ဖြစ် ကြောင်း သိရသည်။

ထားထားဦး (နတ်တလင်း)