ကာလိ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တာဝန်ရှိသူများမှ ယနေ့တွင် ကျေးရွာအရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် ထောက်ပံ့ပေးခဲ့ရာ ကာလိမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်စုစာရေး ဦးဝေလင်းထွန်းတို့က ဟိုပန်ကျေးရွာ အုပ်စုအတွင်းရှိ ဝမ်ဆတ်ကျေးရွာ၊ ဆိုင်းခေါင်ကျေးရွာ၊ ပန်လုံကျေးရွာ၊ နားကန်ကျေးရွာ၊ နမ့်မော်တောင်း ကျေးရွာ၊ နမ့်ဟူးလိန်ကျေးရွာ၊ နားဟိုက်ကျေးရွာတွင်ရှိသည့် အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ(၁၃)ဦးတို့အား တစ်လလျှင် တစ်သောင်းကျပ်နှုန်းနှင့် သုံးလစာ တစ်ဦးလျှင် (၃)သောင်းကျပ်နှုန်းဖြင့် ကျေးရွာအရောက် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)