ကော့မှူး ဇန်နဝါရီ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာတွင် ယမန်နေ့ ညနေ၄နာရီက ကျေးရွာနေ ပြည်သူများ မီးဘေးလုံခြုံရေး အတွက် တစ်အိမ်တက်ဆင်း အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးဝေနှင့် တပ်ဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှု မရှိစေရေးအတွက် မိမိနေအိမ်တွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေး လုံခြုံရေး အတွက် ထမင်းဟင်းများ ချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျကိုင်တွယ် အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ် ပါက မီးကြွင်းမီးကျန်များအား စနစ်တကျ ငြိမ်းသတ်ရန်၊ မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံများ အဆင်သင့် ထားရှိရန်၊ မီးလောင်မှု ဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည် အချက်များ အား တစ်အိမ်တက်ဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအပြင် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်း လျင်မြန် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခန်းများကိုလည်း စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)