နောင်လုံကျေးရွာအုပ်စု၌ ကျေးရွာဖွံ့ဖြိုးမှုစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

အင်တော ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  နောင်လုံကျေးရွာအုပ်စု၌ စီမံကိန်းလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့်  သာစည်ကျေးရွာမှ (၆၀' x ၃၀' x ၁၁')ရှိ စာသင်ကျောင်း ဆောင်နှင့် ပင်ပိန်းကျေးရွာမှ (၆၄'x ၂၄'x ၁၁')ရှိ ဆရာ/ဆရာမများ ဝန်ထမ်းအိမ်ရာတို့ တည်ဆောက်ခြင်း လုပ်ငန်းနှစ်ခုကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သန်း ၂၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၁၀.၇၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အောင်ခိုင်(အင်တော)