ပုဗ္ဗသီရိမြို့နယ်၌ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ်ထုတ်ချေးပေး

ပုဗ္ဗသီရိ ဇန်နဝါရီ  ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်း က သစ်ယာကုန်းကျေးရွာအုပ်စု၊ ကြိမ်တောမြှောင်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဧပရယ်ကျော်ကျော်နှင့် ပုဗ္ဗသီရိ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ကြိမ်တောမြှောင် ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၆၆ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၈၄ ဦးနှင့် အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၄ ဦး စုစုပေါင်း ၁၅၄ ဦးအား ရန်ပုံငွေကျပ် ၄၆၅၀၀၀၀၀/- ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသင်းသူအသင်းသားများ အိမ်အရောက် လိုက်လံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)