ခရမ်း ဇန်နဝါရီ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် နေအိမ် ပြင်ပထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်စေရန်ရည်ရွယ်၍ လူထုအခြေပြု အကောင် အထည်ဖော်စီမံချက် အရ အဝါရောင် Mask Campaign ကို ယမန်နေ့ နေလယ် ၂ နာရီက လမ်းဆုံလမ်းခွ များနှင့် မြို့မဈေးကြီးအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအဝါရောင် Yellow Stop Covid-19 Campaign ဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ Stop Covid-19 အဝါရောင် Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးစာသားများ ပါဝင်သော ၂၀၂၁ ခုနှစ် ပြက္ခဒိန် များအား အဝါရောင်အင်္ကျီ များ ဆင်တူဝတ်စင်၍ ဗီနိုင်းများ ကိုင်ဆောင်ကာ လိုက်လံဝေငှပေးနေကြောင်း သိရသည်။ ခရမ်းမြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီအနေဖြင့် ပြည်သူများအား နေ့စဉ် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး၊ နှာခေါင်းစည်း Mask တပ်ဆင် သွာလာခြင်း မရှိသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာ ပေးခြင်း များ အား နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း (ခရမ်း)